ဟိခရုဂျပန်စာသင်တန်းကျောင်း
သင့်ရဲ့ဂျပန်စာခရီးလမ်းကို ဟိခရုနဲ့ထွန်းလင်းလိုက်ပါ။
ကျွန်ုပ်တို့ကျောင်းအကြောင်း
ဟိခရုဂျပန်စာသင်တန်းကျောင်းသည် ဈေးနှုန်းသင့်တင့်ပြီးအရည်အသွေးမြင့်မားသော ဂျပန်ဘာသာစကားကိုအချိန်မရွေး၊ နေရာမရွေး သင်ယူနိုင်အောင် ပံ့ပိုးပေးရန်ရည်ရွယ်ပါသည်။ အခြေခံ N5 Level မှ N1 အထိ ကျောင်းသားများကို စနစ်တကျသင်ကြားပေးလျက်ရှိပြီး JLPT စာမေးပွဲအောင်မြင်မှုရရှိစေရန်နှင့် ပညာရေး၊ အလုပ်အကိုင်၊ နေထိုင်မှုအတွက် ဂျပန်ဘာသာကိုယုံကြည်စွာအသုံးပြုနိုင်ရန် အားပေးပံ့ပိုးပေးပါသည်။
ကျွန်ုပ်တို့၏ တည်ထောင်သူ

Zon Nwe Oo Sensei
Zon Nwe Oo Sensei သည် ၂၀၁၇ ခုနှစ်တွင် ဂျပန်စာကို စတင်သင်ကြားခဲ့ပြီး ၂၀၁၉ ခုနှစ် COVID ကာလအတွင်း သင်တန်းသားများ အွန်လိုင်းမှတဆင့် အဆင်ပြေစွာ ဂျပန်စာသင်ယူနိုင်ရန်အတွက် Hikaru Japanese Language School ကို တည်ထောင်ခဲ့သည်။ Sensei သည် JLPT N1 Level အောင်မြင်ပြီးနောက် ဂျပန်နိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ရင်း Hikaru ၏ video lesson အတန်းများကို ဆက်လက်သင်ကြားပေးလျက်ရှိပါသည်။





